Wednesday, September 7, 2016

သင့်အိပ်မက်တွေရှင်သန်ပါစေ



ကလေးငယ်တွေမှာ သူတို့ကြီးလာရင် ဘာလုပ်မယ်၊ ဘာဖြစ်မယ် ဆိုတဲ့ အိပ်မက်တွေ အပြည့်ရှိကြတယ်။ လူကြီးတွေ ဖြစ်လာတဲ့အခါမှာတော့ ကျနော်တို့အများစုဟာ အိပ်မက်ကြီးကြီး မက်တတ်တဲ့ အလေ့အကျင့်ကို စွန့်ပစ်လိုက်ကြတယ်။ ဒါမှမဟုတ် ကျနော်တို့ဟာ အဲဒီအိပ်မက်ကြီးတွေနောက်ကို မလိုက်ကြတော့ဘူး။ ဘာကြောင့် လူအတော်များများဟာ သူတို့ရဲ့ အိပ်မက်တွေကို မရှင်သန်စေဘဲ သေဆုံးခွင့်ပြုလိုက်ကြတာလဲ။

အကြောင်းရင်းတစ်ခုကတော့ တခြားသူတွေရဲ့ အဆိုးမြင် အတွေးတွေကြောင့်ပါပဲ။

ဒီလူတွေဟာ ရန်သူတွေမဟုတ်ပါဘူး၊ တချို့ဟာ မိတ်ဆွေတွေ၊ တစ်ချို့ဆိုရင် မိသားစုဝင်တွေတောင် ဖြစ်နေတတ်ကြပါတယ်။ ကျနော်တို့ရဲ့ မိတ်ဆွေတွေဟာ ကျနော်တို့ရဲ့ အိပ်မက်တွေ၊ စိတ်ကူးတွေအပေါ်မှာ မကောင်းမြင်တတ်တဲ့ အတွေးတွေ ရှိနေရင် သူတို့ဟာ ကျနော်တို့အိပ်မက်တွေကို သတ်ပစ်နိုင်ကြပါတယ်။ လူတစ်ယောက်ဟာ စီးပွားရေးအခွင့်အလမ်းတစ်ခု၊ ဒါမှမဟုတ် စိတ်ကူးသစ်တစ်ခုနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေတယ်။ သူဟာ ၀င်ငွေပိုရဖို့၊ ဒါမှမဟုတ် ပိုပြီး အဓိပ္ပါယ်ရှိတဲ့အလုပ်ကို လုပ်ဖို့၊ သူ့ရဲ့ Lifestyle ကို ပြောင်းလဲဖို့ အခွင့်အလမ်းတွေကို မြင်နေတယ်။ အဲဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့ စိတ်လှုပ်ရှားနေတယ်။ ဒါပေမယ့် တစ်ညနေခင်းမှာတော့ ဘေးအိမ်က မိတ်ဆွေကို အဲဒီအကြောင်း ပြောပြလိုက်တယ်။ အဲဒီအိမ်နီးချင်းက လှောင်ပြုံးပြုံးတယ်၊ ပြီးတော့ ရယ်မယ်။ သင် အဲဒါကို မလုပ်နိုင်ဘူးလို့ ပြောမယ်။ ပြီးတော့ ပြဿနာတွေ၊ အတားအဆီးတွေကို တစ်ပေလောက်ရှည်အောင် စာစီပြလိမ့်မယ်။ သူတို့လည်း အဲဒါကို ဘာကြောင့် မလုပ်နိုင်ခဲ့သလဲဆိုတဲ့ အကြောင်းပြချက် အခု ၅၀ လောက် ပြောပြလိမ့်မယ်။ ဒီအတိုင်းပဲနေတာက ပိုကောင်းတယ်လို့ အကြံပြုမယ်။ အဲဒီလူရဲ့ စိတ်အားထက်သန်နေမှုဟာ လျော့နည်းသွားတော့တယ်။

သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးသွားတယ်။ ပြီးတော့ အပြောင်းအလဲတစ်ခုကို လုပ်မယ့်အစား လက်ရှိအခြေအနေအတိုင်းပဲ နေတာက ပိုကောင်းတယ်ဆိုတဲ့ အကြောင်းပြချက်တွေကို စတွေးတယ်။ တခြားသူတွေရဲ့ မကောင်းမြင်အတွေးတွေကို သူ့ရဲ့ အိပ်မက်တွေထက် ပိုပြီး အင်အားကြီးခွင့် ပေးလိုက်တယ်။

မိတ်ဆွေတွေဟာ ရန်သူ တစ်ဒါဇင်ထက်ပိုပြီး ဖျက်ဆီးမှုတွေ ပြုလုပ်နိုင်တယ်။ ဒီကမ္ဘာမှာ တွေ့ဖို့အလွယ်ဆုံးက သင်မလုပ်နိုင်တဲ့အရာတွေကို ပြောပြမယ့် သူငယ်ချင်းတစ်ယောက်ပဲဖြစ်တယ် ဆိုတာကို သတိရပါ။ သူတို့ကို နားမထောင်ပါနဲ့။ သူတို့မှာ အကောင်းဆုံး စေတနာတွေတော့ ရှိတတ်ကြပါတယ်။ သူတို့ဟာ သင့်ကို မထိခိုက်စေချင်ဘူး၊ သင့်ရဲ့ ငွေကြေးတွေကိုလည်း မဆုံးရှုံးစေလိုပါဘူး။ သင့်ရဲ့အိပ်မက်တွေကို သေဆုံးစေတတ်တဲ့သူ အများစုဟာ သူတို့ရဲ့ ဘ၀တွေမှာလည်း ဘာမှ ဟုတ်တိပတ်တိ မစွမ်းဆောင်နိုင်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။

သင့်မှာ အိပ်မက်တစ်ခု ရှိသလား။ အဲဒီအိပ်မက်ကို အမှန်တကယ်ဖြစ်လာဖို့ အခွင့်အရေးပေးလိုက်ပါ။ သင့်ရဲ့ မရီးကပဲ ဖြစ်ဖြစ်၊ သင့်ရုံးက သူငယ်ချင်းကပဲဖြစ်ဖြစ် သင့်ရဲ့အိပ်မက်တွေကို သေဆုံးအောင်လုပ်ဖို့ ခွင့်မပြုပါနဲ့။ သင့်အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင် လုပ်တဲ့အရာဟာ သင့်ရဲ့ ယုံကြည်မှုပါ။ တစ်နေကုန် ထိုင်ပြီး တီဗီကြည့်နေတဲ့သူတစ်ယောက်က ဘ၀ဟာ အဓိပ္ပါယ်မရှိဘူးလို့ပြောတာကို မယုံကြည်ပါနဲ့။ တခြားသူတွေရဲ့ အဆိုးမြင်အတွေးတွေကို မယူပါနဲ့။ အပြုသဘောစိတ်ရှိသူတွေနဲ့ ပေါင်းသင်းပါ။ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာတွေကို ဖတ်ပါ။ တစ်နေ့မှာ အနည်းဆုံးတစ်နာရီလောက် သင့်ရဲ့အိပ်မက်တွေကို ရှင်သန်အောင် အာဟာရ ကျွေးပါ။ သင့်ကိုယ်သင် ယုံကြည်ပါ။ သင့်ရဲ့အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင် သင်လုပ်နိုင်ပါလိမ့်မယ်။

သင့်ရဲ့ ကိုယ်တွင်းတစ်နေရာမှာ အိပ်မက်မီးတောက်လေးဟာ နက်နက်ရှိုင်းရှိုင်း တည်ရှိနေတယ်ဆိုရင် အဲဒီအိပ်မက်အတွက် တစ်ခုခုလုပ်ပါ။ တခြားသူတွေက အဲဒီမီးတောက်လေးကို မှုတ်ပစ်ဖို့ ခွင့်မပြုပါနဲ့။ သင်လုပ်နိုင်တယ်လို့ ယုံကြည်တယ်ဆိုရင် သင်လုပ်နိုင်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ သင့်အတွက် ကောင်းတဲ့အရာတွေ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာ သင် တအံ့တသြ တွေ့ရပါလိမ့်မယ်။

Your Life Success
Credit: သုတဇုန်


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths