Wednesday, March 2, 2016

ဦးနှောက်လေ့ကျင့်ခန်းလုပ်ရအောင်



ဆောင်းပါးရှင် - အောင်ကိုဦး (UMK)

လူတစ်ယောက်က ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ချင်ရင် Gym သွားတာ ဒါမှမဟုတ် အိမ်မှာ လေ့ကျင့်ခန်းလုပ်တာ စသဖြင့် လုပ်ဖို့လိုပါတယ်။ ထို့အတူ ကိုယ့်ရဲ့အာရုံစူးစိုက်နိုင်မှုစွမ်းအားတွေကောင်းပြီး ဆုံးဖြတ်ချက်တွေ မှန်မှန် ကန်ကန်နဲ့ တွေးခေါ်မှုတွေမှန်စေချင်တယ်ဆိုရင် ဦးနှောက်ကိုလေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါတယ်။ ဘာတွေ လုပ်သင့်ပါသလဲ။

၁။ ဦးနှောက်ကို အလုပ်ပေးတဲ့ကစားနည်းတွေ ကစားပါ။

ဆုဒိုခု၊ Crosswords စတဲ့ ကစားနည်းတွေကိုကစားပါ။ အဲဒီလိုဥာဏ်စမ်းကစားနည်းတွေက အကျိုးအကြောင်း ဆက်စပ်မှုတွေ၊ သဲလွန်စတွေ၊ အကြောင်းပြချက်တွေကိုရှာရတဲ့အတွက် ဦးနှောက်ကိုလှုံ့ဆော်ပေးပါတယ်။ ဒါ့အပြင် နည်းဗျူဟာနဲ့ကစားရတဲ့ စစ်တုရင်ကဲ့သို့ ကစားနည်းမျိုးတွေကိုလည်း ကစားပေးပါ။ အဲဒီစဉ်းစား သုံးသပ်ဆုံးဖြတ်မှု အလေ့အကျင့်တွေက ဘ၀မှာလည်း အထောက်အကူပေးပါလိမ့်မယ်။ တကယ်လို့ ကွန်ပျူ တာဂိမ်း၊ မိုဘိုင်းဂိမ်းတွေကို ကြိုက်တယ်ဆိုရင်လည်း ဦးနှောက်လေ့ကျင့်ခန်းနဲ့ပတ်သက်တဲ့ဂိမ်းတွေကို ဆော့ ကစားပါ။

၂။ အပြောင်းအလဲလုပ်ပါ။

လူတွေဟာ တစ်ခုခုကို နေ့စဉ်နဲ့အမျှ ဒါကိုပဲပုံသေတသမတ်တည်း လုပ်ရတာများလာရင် ဦးနှောက်ကပျင်းရိ ငြီးငွေ့လာတတ်ပါတယ်။ တစ်ပတ်မှာတစ်ရက်၊ နှစ်ရက်လောက်တော့ ကိုယ့်ရဲ့သွားလာမှုပုံစံတွေကို ပြောင်းလဲ ကြည့်ပါ။ ဆိုလိုတာက နေ့တိုင်းရုံးကိုဖယ်ရီနဲ့သွားတယ်ဆိုရင် တစ်ရက်၊ နှစ်ရက်လောက် လိုင်းကားစီးကြည့်ပါ။ အဲဒီလိုအပြောင်းအလဲလုပ်တဲ့အခါ ပတ်ဝန်းကျင်လည်း အပြောင်းအလဲဖြစ်သလို စဉ်းစားဆုံးဖြတ်ရတာတွေ လည်း အပြောင်းအလဲတွေဖြစ်လာတဲ့အတွက် ဆုံးဖြတ်ချက်ချတဲ့အခါ ရှုထောင့်ပြောင်းပြီး သုံးသပ်တတ်လာပါ တယ်။

၃။ အာဟာရမျှတအောင်စားသုံးပါ။

အစားအသောက်ကလည်း လူတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာသာမက ဦးနှောက်အတွက်လည်း သက် ရောက်မှုရှိပါတယ်။ အသားဓာတ်ဟာ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အဓိကကျတဲ့အတွက် ပရိုတိန်းပြည့် ၀တဲ့ အသား၊ ပဲအမျိုးမျိုး၊ ငါးအမျိုးမျိုးနဲ့ နွားနို့သောက်ပါ။ ဦးနှောက်က အသားဓာတ်အပြင် ကစီဓာတ်နဲ့ အဆီဓာတ် လည်းလိုအပ်တဲ့အတွက် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပြောင်းဆံလိုမျိုးအစေ့အဆံတွေ၊ သံလွင်ဆီနဲ့ Omega-3 တို့ကိုလည်း စားသုံးပေးဖို့လိုပါတယ်။ Omega-3 က ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အလွန်ကောင်းတဲ့ အတွက် Omega-3 ပါဝင်တဲ့ ဆော်လမွန်ငါးတို့၊ တူနာငါးတို့ကို အလျင်းသင့်သလိုစားသင့်ပါတယ်။ ဦးနှောက် အတွက် အာဟာရမျှတအောင်စားသုံးဖို့ မမေ့ပါနဲ့။

၎။ လေ့လာသင်ယူမှုအသစ်တွေပြုလုပ်ပါ။

ဘာသာစကားတစ်မျိုးမျိုး၊ အားကစားတစ်ခုခုစသည်ဖြင့် လေ့လာသင်ယူမှုအသစ်တွေကိုပြုလုပ်ပါ။ လေ့လာ သင်ယူမှုအသစ်တွေမှာ ဦးနှောက်ကအားထုတ်မှုအသစ်တွေဖြစ်လာပြီးတော့ စဉ်းစားမှုအားတွေ ပိုကောင်းလာပါ တယ်။ ဒါ့အပြင် မိတ်ဆွေ၊ အပေါင်းအသင်းသူငယ်ချင်း အသစ်တွေလည်း ချဲ့ထွင်ပါ။ မတူညီတဲ့ပုံစံမျိုးစုံနဲ့ တွေ့ဆုံပြီး ပေါင်းသင်း ဆက်ဆံရတဲ့အခါ ဦးနှောက်ပိုအလုပ်လုပ်ပါတယ်။

၅။ နေ့စဉ်မှတ်တမ်းရေးပါ။

ရည်မှန်းချက်ရှိတဲ့သူတွေဟာ သူတို့ရဲ့လုပ်ငန်းအစီအစဉ်တွေကို ချရေးထားလေ့ရှိပါတယ်။ သူတို့ရဲ့အတွေးတွေ ကို စုစည်းနိုင်ပြီးတော့ ရည်မှန်းချက်သတ်မှတ်ပြီး အကောင်အထည်ဖော်နိုင်ကြပါတယ်။ ကိုယ့်ဦးနှောက်က ထွက်ပေါ်လာတဲ့ ပိုလို့ပိုလို့ တိုးတိုးပြီးကောင်းတဲ့ အတွေးအခေါ်တွေကိုချရေးထားတာလည်းပဲ ကိုယ့်ဦးနှောက် ရဲ့ တွေးခေါ်မှု တိုးတက်လာတာကို ဆန်းစစ်နိုင်ပါတယ်။

Be the Best !

Ref : Real Life



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths