Friday, September 30, 2016

ကံရယ်၊ဥာဏ်ရယ်၊ဝီရိယရယ်



ဟိုးရှေးရှေးတုန်းကပေါ့ ..........
" ကံ " ကို အားကိုးတဲ့ ငါး ရယ် ၊ " ဥာဏ် " ကို အားကိုးတဲ့ ငါးရယ် ၊ " ၀ီရိယ " ကို အားကိုးတဲ့ ငါးလေး သုံးကောင် ရှိခဲ့တယ် ....
တစ်နေ့ သူတို့ သုံးကောင် ပင်လယ်ထဲမှာ ပျော်မြူးရင်းနဲ့  တံငါသည်ရဲ့  ပိုက်ကွန်ထဲကို တိုးဝင်မိပြီး တံငါရဲ့ လှေပေါ်ထဲကို ရောက်သွားခဲ့ပါတယ်
ကံ ကို အားကိုးတဲ့ ငါးလေးက ......
" တကယ်လို့ကွာ ငါသာ သေဖို့ ကံမပါလာခဲ့ဘူးဆိုရင် ဒီတံငါသည် လက်ထဲက လွတ်မှာပဲကွ " ဟုဆိုကာ အေးအေးဆေးဆေး အိပ်စက်နေခဲ့တယ် ...
ဝီရိယကို အားကိုးတဲ့ ငါးလေးကတော့ ......
" ဟ ကိုယ်တိုင်က ကြိုးစား အားထုတ်မှုမရှိရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ဘယ်တော့မှ မရောက်ဘူးကွ ... ငါတော့ ဒီကလွတ်အောင် ကြိုးစားမယ် "
ဟုဆိုကာ တံငါသည် လှေထဲကနေ '" ဖလပ် " ဖလပ် " နဲ့  ခဏခဏ ခုန်ထွက်ဖို့  ကြိုးစားနေပါတယ် ...
ကြိမ်ဖန်များစွာ ကြိုးစားတာကို တံငါသည် သတိပြူမိသွားတော့ ချက်ချင်းဘဲ လှော်တက်နဲ့  ရိုက်သတ်ခြင်း ခံလိုက်ရပါတယ် ...
ဥာဏ်ကို အားကိုးတဲ့ ငါးလေးကတော့ အခွင့်ခါသင့်အချိန်ကို စောင့်နေခဲ့ပါတယ် ..
ခဏကြာတော့ လေပြင်းတစ်ချက် တိုက်ခတ်တာကြောင့် လှေဟာ အနည်းငယ် စောင်းသွားခဲ့ပါတယ် ...
အဲဒီချိန် ဥာဏ်ကို အားကိုးတဲ့ငါးဟာ အခွင်ရေးပဲဆိုပြီး တစ်ချက်ပဲ ခုန်လိုက်ရပြီး အသက်သေဘေးမှ လွတ်မြောက်သွားခဲ့ရပါတယ်....
တံငါသည်က ငါးတစ်ကောင် လွတ်သွားတာကို သတိပြူမိပြီး ကျန်နေတဲ့ ငါးတစ်ကောင်လဲ လွတ်မှာ စိုးရိမ်တာမို့  ချက်ခြင်းဘဲ ကံကို အားကိုးတဲ့ ငါးကို ရိုက်သတ်လိုက်ပါတယ် ...
ရည်မှန်းထားတာ အောင်မြင်ဖို့  " ကံ နဲ့  ၀ိရိယ " ရှိနေခဲ့ရုံနဲ့  မရပဲ .....
" ကံ ၊ ဥာဏ် ၊ ၀ိရိယ " သုံးခုလုံးကို သေချာပိုင်နိုင်စွာ အသုံးချနိုင်ခဲ့မှသာ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်လိမ့်လို့  ရည်ညွန်းထားခဲ့ခြင်းဖြစ်ပါတယ် ...

ဗုဒ္ဓကမ္ဘာ Blog မှ
Credit: MyMedia


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths