ဂျာမန်စာရေးဆရာကြီး ဟာမင်ဟက်ဆ်ရဲ့ သိဒ္ဓတ္ထ ဝတ္ထုကြီးမှာ ကိုယ့်နှလုံးသားထဲက အသံကို ကြားအောင်နားဆင်ဖို့ ဆိုတာပါပါတယ် ။
ပညာရှိဟာ သူတစ်ပါးကို ဝေဖန်သုံးသပ်မှုကို မပြုခင်မှာ ကိုယ့်ကိုကိုယ်ဝေဖန်သုံးသပ်ရပါတယ် ။
ကိုယ့်ဘဝအတွက် ပဲ့ထိန်းပေးနိုင်တဲ့ နည်းကောင်းတစ်ခုရှိနေပါတယ် ။ ကိုယ့်ရဲ့ ခံစားမှု emotion တွေကို နားထောင်ကြည့် ၊ အဝေးမြင်နဲ့မြင်ကြည့် ။
အဲ့ဒီ Emotion တွေဟာ ဘာတွေလဲ ၊ သူတို့ဘယ်ကို ဦးတည်နေကြသလဲ ၊ မီးနီလား ၊ မီးဝါလား ၊ မီးစိမ်းလား ... ။
စိတ်သရုပ်ခွဲပညာတို့ ၊ ဒဿနပညာတို့ ဘာမှ မလိုပါဘူး ။ ကိုယ့်စိတ်ကိုသိပြီး လမ်းကြောင်းမှန်အောင် ပြင်နိုင်ဖို့အတွက်က ငါတွေးနေတာ ၊
ခံစားနေတာ ၊ ကြံစည်နေတာတွေဟာ အကောင်းကို ဦးတည်နေရဲ့လား ၊ အပျက်ဆီ ဦးတည်နေသလား ဆိုတာကို စိစစ်ကြည့်ရုံပါပဲ ။
ဗုဒ္ဓဘာသာ အလိုနဲ့ ပြောရရင်တော့ သမ္မာသင်္ကပ္ပ ( မှန်သော အကြံ ) ကို ကြံပြီး သမ္မာကမ္မ န္တ ( မှန်သော အကျင့် ၊ မှန်သော အလုပ် ) ကို လုပ်ဖို့ဖြစ်ပါတယ် ။
- ကြည်မင်း -
[ စိတ်ဆင်းရဲခြင်းလွတ်ကင်းအောင်စာအုပ်မှ ]
Credit: Wun Zinn
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment